ဖားကန့်မြို့နယ်

  • Oct- 2024 -
    23 October
    သတင်း

    KIA အနေနဲ့ စစ်တပ်လို သတင်းသမားတွေကို ဖမ်းဆီးတာမလုပ်သင့်ဘူးလို့ CPJ ပြော

    ကချင်လွတ်လပ်ရေးတပ်မတော် KIA ဖမ်းဆီးထားတဲ့ ဖားကန့်မြို့နယ်၊ နယ်ခံသတင်းသမား ၂ ဦး အမြန်ဆုံး လွှတ်ပေးဖို့ CPJ က မနေ့ကပဲ တောင်းဆိုလိုက်ပါတယ်။ စာနယ်ဇင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ CPJ က စက်တင်ဘာလ ၂၂ ရက်နေ့ရက်စွဲနဲ့ KIA  ဖမ်းဆီးထားတဲ့သတင်းသမား ၂ ဦးကို အမြန်ဆုံးပြန်လွတ်ပေးဖို့၊ KIA အနေနဲ့ စစ်ကောင်စီတပ်လို သတင်းသမား တွေကို ဖမ်းဆီးတာမလုပ်သင့်ဘူးလို့လည်း ဆိုထားပါတယ်။ “မြန်မာပြည်တွင်းစစ်မှာ ပါဝင်နေတဲ့အဖွဲ့တိုင်းဟာ သတင်းထောက်တွေကို ကာကွယ်ပေးဖို့ တာဝန်ရှိတယ်။ သတင်းထောက်တွေကို ပစ်မှတ်ထားခွင့်မရှိဘူး ကချင်လွတ်ရေးတပ်မတော်က သတင်းယူနေတဲ့ သတင်းထောက်တွေကို ဖမ်းဆီးပြီး မြန်မာစစ်အစိုးရလိုမလုပ်သင့်ပါဘူး။ တာလင်းမောင်နဲ့ နောင်ရိုးကို အခု လွှတ်ပေးသင့်တယ်”လို့ CPJ ရဲ့ အရှေ့တောင်အာရှကိုယ်စားလှယ် Shawn Crispin က ပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA/KIO ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ အဆိုပါ သတင်း သမား ၂ ဦးကို ဖားကန့်မြို့နယ်ထဲက KIA တပ်မဟာ ၉ နယ်မြေမှာဖမ်းဆီးထားပြီး လက်ရှိအခြေနေနဲ့ပတ်သက်လို့ KNG ကို အခုလိုပြောပါတယ်။ “ဘာကြောင့်ဖမ်း တယ် သူတို့အပြစ်ကဘာရှိတယ်ဆိုတာကို စစ်ဆေးမေးမြန်းနေတဲ့ အနေအထား ထင်တယ်  ဖမ်းတဲ့ကိစ္စနဲ့တော့ သတင်းဌာနနဲ့တော့ တိုက်ရိုက်ပတ်သက်မှုမရှိဘူး တပ်ပိုင်းဆိုင်ရာကနေဖမ်းတာဆိုတော့။ ဘာကြောင့် ဖမ်းတယ်ဆိုတာကတော့ ကျနော်မသိတာကိုပြောတာပါ။ သူတို့ကတော့သိမှာပါ။ သူတို့ရဲ့ စားရေးသောက်ရေးနဲ့တစ်ခြားကိစ္စတွေကတော့ စိုးရိမ်စရာတော့မရှိပါဘူး KIA ကတော့ အဲ့တာ မျိုးတွေ ဘယ်တော့မှအလေးမထားတာကိုမတွေ့ရဘူး အလေးထားပြီးတော့မှ သူတို့လိုအပ်တာတွေကို ဖြည့်ဆည်း ပြီးမှ ထိန်းထိန်းသိမ်းသိမ်းခေါ်ထားတယ်ထင်တယ် ဒါက ကျနော်သူတို့ရဲ့အခြေနေကို သုံးသပ်ပြီးမှ ပြောတာ ပါ။”လို့ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။ သတင်းထောက် ၂ ဦးဖမ်းဆီးခံထားရတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီး KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက တိတိကျကျဖြေဆိုနိုင်တာမရှိပေမယ့် သတင်းထောက် ၂ ဦးကို အလေးနက်ထားပြီး သေချာထိန်းသိမ်းထားတယ်လို့ ပြောပါတယ်။ ဖားကန့်မြို့နယ် နယ်ခံသတင်းသမား ၂ ဦးဖြစ်တဲ့ ကိုတာလင်းမောင်နဲ့ ကိုနောင်ရိုးတို့ကို KIA တပ်က စက်တင်ဘာလ ၂၉ ရက်နေ့နဲ့ ၃၀ ရက်နေ့ တစ်ရက်ခြားပြီးဖမ်းဆီးခဲ့တာဖြစ်ပြီး အခုဆိုရင် ၃ ပတ်ရှိလာပြီ ဖြစ်ပါတယ်။ သတင်းသမား ၂ ဦးနဲ့ရင်းနှီးတဲ့မိတ်ဆွေတစ်ဦးပြောတာကတော့ “ အဲဒီ ဖားကန့်တပ်မဟာက ၉ တပ်မဟာမှူး ပြောတာကတော့ ဆိုင်းတောင်တိုက်ပွဲပြီးရင် လွှတ်ပေးမယ်ပြောတယ်။ ဒါပေမယ့်ခုချိန်ထိ မလွှတ်ပေးသေး ဘူး” လို့ ပြောပါတယ်။ ဖမ်းဆီးခံရတဲ့ သတင်းထောက်နှစ်ဦးထဲက အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးဟာ အာဏာသိမ်းခါစ ကာလဖြစ်တဲ့ ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်နေ့မှာ စစ်ကောင်စီရဲ့ဖမ်းဆီးခံရပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အောက်တိုဘာလ ၃ ရက်နေ့မှာပြန်လည်လွတ်မြောက်လာခဲ့သူလို့သိရပါတယ်။ သတင်းထောက်ကိုတာလင်းမောင်ကတော့ အာဏာမသိမ်းခင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ပြန်/ဆက်)မှာတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး အာဏာသိမ်းပြီးနောက် CDM ဝင်ထားကာ Red News Agency သတင်းဌာနက သတင်းထောက်အလုပ်ကို လုပ်ကိုင်နေတာလို့သိရပါတယ်။ သတင်းသမား ၂ ဦးပြန်လွတ်ပေးဖို့ ဖားကန့်တော်လှန်ရေးအင်အားစုနဲ့ မိသားစု၊ရင်းနှီးတဲ့ မိတ်ဆွေတွေကလည်း ဖားကန့်မြို့နယ် KIA တပ်မဟာ ၉ ၊တပ်မဟာမှူးကို စာပေးပို့တောင်းဆိုထားကြတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေထဲက KIA တပ်ဟာ သတင်းသမားတွေကိုပထမဆုံးအကြိမ်ဖမ်းဆီးတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ကြောင်းကိုလည်း CPJ ကဆိုထားပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ မြန်မာနိုင်ငံဟာ သတင်းလွတ်လပ်ခွင့်အတွက် ဒုတိယအဆိုးဆုံးနိုင်ငံဖြစ်ပြီး အနည်းဆုံး သတင်းထောက် ၄၃ ဦးအကျဥ်းချခံထားရတယ်လို့ CPJ ရဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့က ထုတ်ပြန် ချက်အရသိရပါတယ်။ By –…

    Read More »
  • Dec- 2022 -
    17 December
    သတင်း

    အနန့်ပါ ဖြစ်စဉ်တွင် ထိခိုက်သေဆုံးသူများအတွက် Chin Baptist Churches USA မှ ဒေါ်လာ ၁ သိန်း လှူဒန်း

    ဖားကန့်မြို့နယ် အနန့်ပါ(A Nang Pa)တွင် စစ်ကောင်စီတပ်၏ ဂျက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်မှုကြောင့် သေဆုံး ထိခိုက်ခဲ့သူများအတွက် အမေရိကန်နိုင်ငံရှိ Chin Baptist Churches မှ US ဒေါ်လာ ၁ သိန်း လှူဒန်းခဲ့သည်ဟု သိရသည်။ အဆိုပါ လှူဒန်းငွေကို ဒီဇင်ဘာလ ၁၆ ရက်နေ့ Chin…

    Read More »
  • 16 December
    သတင်းဖားကန့် ဒေသ ပြည်သူများရှိသည့် မြင်ကွင်းတစ်နေရာ

    ဖမ်းခံထားရသည့် အရပ်သား ၁၁ ဦးကို မိသားစုဝင်များနှင့် ဆက်သွယ်ခွင့်မပေးသေး

    ဖားကန့်မြို့နယ် မှော်ပုံကျေးရွာမှ ဖမ်းဆီးခံလိုက်ရသည့် အရပ်သား ၁၁ ဦးကို မိသားစုဝင်များနှင့် ဆက်သွယ်ခွင့် မပေးသေးသည့်အပြင် ယနေ့ထိ စစ်ကြောရေးတွင်သာ ထားရှိဆဲဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။ ဒီဇင်ဘာ ၅ ရက်နေ့  မှော်ပုံ ကျေးရွာဘုန်းကြီးရှိ အမျိုးသမီး ၇ ဦး…

    Read More »
  • 7 December
    သတင်းHpakant Photo

    မှော်စီဆာ စစ်ရှောင်စခန်း လူနေအိမ်အချို့ ကို စစ်ကောင်စီ ဝင်စီး အရပ်သား ၂ ဦး ဖမ်းခံရ

    ဖားကန့်မြို့နယ် မှော်စီဆာကျေးရွာရှိ စစ်ရှောင်စခန်းနှင့် လူနေအိမ်အချို့ကို စစ်ကောင်စီက အင်အား အများအပြားဖြင့် ဝင်ရောက်စစ်ဆေးခဲ့ပြီးနောက် အရပ်သား ၂ ဦးကိုလည်း ဖမ်းဆီးထားသည်ဟု သိရသည်။ အင်အား ၅၀ ကျော်ပါသည့် စစ်ကောင်စီ ခြေလျှင် စစ်ကြောင်းသည် ဒီဇင်ဘာလ ၇ ရက်နေ့ မွန်းလွှဲ…

    Read More »
  • 6 December
    လူ့အခွင့်အရေးချိုးဖောက်မှုဖားကန့် ဒေသ ပြည်သူများရှိသည့် မြင်ကွင်းတစ်နေရာ

    စစ်ကောင်စီ ဝင်ရောက်စီးနင်းထားသည့် မှော်ဘုံတွင် ရွာသားအချို့ပိတ်ဆို့ခံထားရ

    ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်ဘုံကျေးရွာကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းထားပြီး ကျေးရွာနေပြည်သူတစ်ချို့လည်း ပိတ်ဆို့ခံထားရကြောင်း  ဒေသခံများပြောသည်။ ဒီဇင်ဘာလ ၅ ရက် ယမနေ့ ညနေ ၄ နာရီဝန်းကျင်မှ မှော်ဘုံကျေးရွာအတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF…

    Read More »
  • 5 December
    တိုက်ပွဲHpakant

    ဖားကန့် မှော်ဘုံကျေးရွာ စစ်ကောင်စီဝင်ရောက်စီးနင်းမှုကြောင့် တိုက်ပွဲဖြစ်ပွားခဲ့

    ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်ဘုံကျေးရွာကို စစ်ကောင်စီတပ်အဖွဲ့ စစ်အင်အား အလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းခဲ့သောကြောင့် ပစ်ခတ်မှုများရှိခဲ့ကြောင်းသိရသည်။ ဒီဇင်ဘာလ ၅ ရက် ယနေ့  မွန်းလွှဲပိုင်း ၄ နာရီဝန်းကျင် စစ်အင်အား ၈၀ ကျော်ခန့်ပါရှိသည့် စစ်ကောင်စီအဖွဲ့…

    Read More »
  • Nov- 2022 -
    15 November
    သတင်း

    မှော်မောင်းလျှံကျေးရွာအနီး အမျိုးသားတစ်ဦး ဓားဒဏ်ရာများဖြင့် သေဆုံးနေ

    ဖားကန့်မြို့နယ် မှော်မောင်းလျှံ(Mau Maw Layang) ကျေးရွာအနီးတွင် အမည်မသိ အမျိူးသားတစ်ဦး ဓာတ်ထိုးဒဏ်ရာများဖြင့် သေဆုံးနေသည့် ရုပ်အလောင်း ကို ယနေ့နံနက်ပိုင်းတွင် ဒေသခံများကတွေ့ရှိခဲ့ကြောင်း သိရသည်။ နိုဝင်ဘာ ၁၅ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်ခန့်တွင်…

    Read More »
  • 12 November
    သတင်း

    ဖားကန့်တွင် စစ်ကောင်စီ ရဲတပ်သား ၂ ဦးပျောက်ဆုံးနေသဖြင့် နေရာအနှံ့လိုက်ရှာနေ

    ဖားကန့်မြို့တွင်း မြို့မရဲစခန်းမှ ရဲတပ်သား ၂ ဦး ပျောက်ဆုံးနေသဖြင့် ဖားကန့် စစ်ကောင်စီ စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေနေကြောင်း ဒေသခံများထံမှသိရသည်။ ရဲတပ်သား ၂ဦးသည် နိုဝင်ဘာလ ၁၀ ရက်နေ့ ကတည်းမှ နိုဝင်ဘာလ ၁၂…

    Read More »
  • 9 November
    သတင်း

    ဖားကန့်သို့ဝင်မည့် စက်သုံးစီသယ်ကား တစ်စီးကို ကျပ် ၃ သိန်းအထိ စစ်ကောင်စီ ကောက်ခံနေ

    ဖားကန့်မြို့နယ်အတွင်းသို့ စက်သုံးဆီတင်သွင်းမှုကို ရက်ပေါင်း ၂၀ နီးပါး စစ်ကောင်စီ ပိတ်ပင်ခဲ့သော စစ်ကောင်စီတပ်သည် နိုဝင်ဘာ ၅ ရက်နေ့မှ စတင်ပြီး စက်သုံးဆီကား တစ်စီးလျှင် ငွေကျပ် ၃ သိန်းတောင်းခံကာ ပြန်လည်တင်သွင်းခွင့်ပြုထားကြောင်း သိရသည်။ စစ်ကောင်စီသည် ဖားကန့်မြို့နယ်အတွင်းသို့ စက်သုံးဆီတင်သွင်းခွင့်ကို အောက်တိုဘာ ၁၉…

    Read More »
  • 4 November
    သတင်းHpakant Photo

    ဖားကန့်တွင် ဆန်တစ်အိတ် တစ်သိန်းကျော်အထိ စျေးနှုန်းမြင့်တက်လာ

    ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ် ဆန်နှင့် စက်သုံးဆီများ တင်ပို့ခွင့် ပိတ်ဆို့ထားဆဲဖြစ်သည့်အတွက် ဆန်တစ်အိတ် တစ်သိန်းကျော်အထိ စျေးနှုန်းမြင့်တက်လာသည်ဟု ဖားကန့်ဒေသခံများထံမှသိရသည်။ အောက်တိုဘာလ ၂၅ ရက် နောက်ပိုင်း ဖားကန့်မြို့ပေါ်နှင့် လုံးခင်း၊ ဆိုင်းတောင် နေရာများတွင် ဆန်စျေးနှုန်းများ…

    Read More »
Back to top button