ကချင်ပြည်နယ် ရွှေကူ–ငအိုးလမ်းကြောတလျှောက်နဲ့ ရွှေကူမြို့နယ်တစ်ဝှိုက်မှာတော့ ဒီနေ့အထိ တိုက်ပွဲတွေက နေ့စဉ်နီးပါး ဆက်လက်ဖြစ်ပွားနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ စစ်ရေးသတင်းရင်းမြစ်တွေပြောပြတာအရ လက်တလောတိုက်ပွဲဖြစ်ပွားနေတဲ့ ငအိုး−ရွှေကူလမ်းပိုင်းကို စစ်တပ်ဘက်က ပြန်လည်ထိန်းချုပ်ဖို့ကြိုးစားလာနေတာလို့ပြောပါတယ်။ “ ဒီလမ်းက မဘိမ်း ကနေ ငအိုး ပြီးရင် ရွှေကူကို ဆက်သွယ်ထားတဲ့ အဓိက ဆက်သွယ်ရေးလမ်းမကြီးပေါ့ ပြီးရင် ရွှေကူမြို့နယ် ကနေ ဖြတ်ပြီးတော့ ဗန်းမော်အထိလည်းတက်လို့ရတာကို ဟိုး ကချင်ပြည်နယ်အထက်ဘက်ထိပေါက်တာကို ပြီးရင် တရုတ်ပြည် အထိသွားလာလို့ရတယ် ကုန်စည် စီးဆင်းမှုရော ထောက်ပို့လမ်းကြောင်းရောအားလုံးပေါ့ဗျာ ဒါကြောင့် အဓိက မိန်းလမ်းမ တကြောကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတယ်လို့ယူဆလို့ရတယ်”လို့ ရွှေကူမြို့နယ်ထဲက ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ ဒါ့အပြင် ရွှေကူမြို့အထွက် ၅ လမ်းဆုံစခန်းကိုလည်း စစ်တပ်နဲ့ကာကွယ်ရေးတပ်တွေကအပြန်အလှန်ထိန်းချုပ် ဖို့ကြိုးစားနေကြ တာကြောင့် အဲ့ဒီတစ်ဝှိုက်မှာလည်းတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့သိရပါတယ်။ အခုလိုရွှေကူမြို့နယ်တစ်ဝှိုက်မှာ တိုက်ပွဲတွေခပ်စိပ်စိပ်ဖြစ်ပွားနေတာ…
Read More »
မိုးဦးဝင်စ စစ်ကိုင်းနဲ့ ကချင်အစပ်ဒေသရဲ့ ကောင်းကင်မှာ စစ်လေယာဉ်တွေ နေ့တိုင်းဖြတ်ပျံနေပါတယ်။ အဲ့ဒီလေယာဉ်တွေဟာ စစ်တပ်ဘက်က ပြန်လည်ထိန်းချုပ်နိုင်ပြီ လို့ ကြေညာခဲ့တဲ့ ကသာ၊ အင်းတော်နဲ့ မော်လူးဘက်ကို ဦးတည် ပျံသန်းသွားတာဖြစ်တယ်လို့ ကသာဒေသခံတွေက ဒီစစ်လေယာဥ်တွေ ပျံသန်းသွားwဦးတည်ရာကိုကြည့်ပြီးခန့်မှန်းပါတယ်။ ဒါဟာတစ်ဖက်ကကြည့်ရင် မြို့တွေကို စစ်တပ်ကပြန်လည်ထိန်းချုပ်နိုင်ခဲ့ပေမယ့် မြေပြင်တိုက်ပွဲတွေ အဆုံးသတ်မသွားသေးဘဲ လမ်းပိုင်းနဲ့ မြို့ပတ်ဝန်းကျင်မှာ စစ်ရေးဖိအားတွေ ဆက်ရှိနေဆဲဖြစ်ကြောင်း…
Read More »
TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာက ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်စဉ်မှာ သေဆုံးသူ ၇၀ ဝန်းကျင်ရှိလာပြီး လက်ရှိ ဒဏ်ရာရသူတွေဟာ နမ့်ခမ်းဆေးရုံမှာ မဆံ့တော့တာကြောင့် မူဆယ်ဆေးရုံမှာလည်း ကုသမှုခံယူနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မေလ ၃၁ ရက်နေ့ နေ့လည်…
Read More »
ကချင်ပြည်နယ် ပူတာအိုခရိုင်ထဲက မချမ်းဘော့မြို့မှာ ရွှေအလွန်အကျွံတူးဖော်မှုကြောင့် မြို့ခံတွေ သောက်သုံးရေ ခက်ခဲလာပြီး စည်ပင်ရေ ဝယ်သုံးရတဲ့သူတွေ ပိုမိုများပြားလာနေတယ်လို့ သိရပါတယ်။
Read More »