တိုက်ပွဲ

စစ်ကောင်စီတပ် ယာဉ်တန်းကို မိုးကောင်းတွင် KIAနှင့် PDF မိုင်းဆွဲတိုက်ခိုက်

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်ယာဥ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF တို့မှ ယမန်နေ့ ညပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ မတ်လ ၈ ရက်နေ့ ည ၇နာရီခန့် အချိန်တွင် မန္တလေးဘက်မှ မြစ်ကြီးနားသို့ တက်လာသည့် စစ်ကောင်စီတပ်ယာဥ်တန်း ၁၀စီးခန့်ကို မိုးကောင်း တောင်နီကျေးရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တောင်နီကျေးရွာ ရပ်ကွက်တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနသို့ပြောသည်။

”စစ်ယာဥ်တန်းကိုတိုက်ခိုက်တာပါ။ ဖြစ်တဲ့နေရာက ကျွန်တော် တို့တောင်နီထဲမှာပဲဗျ။ အကျအဆုံးကတော့ ရှိမရှိမသိရဘူးဗျ။ ကျွန်တော်တို့က တပ်နဲ့လည်းဝေးတယ်။ အကျဆုံးရှိမရှိတော့ သေချာမသိဘူး” ဟု ရပ်ကွက်တာဝန်ရှိသူ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်ခံရမှုးဖြစ်ပွားပြီးနောက် မိနစ် ၂၀ ကျော်ခန့် အကြာအပြန်အလှန်ပစ်ခတ်သည့် သေနတ်သံများကြားရပြီး စစ်ကောင်စီတပ်ဘက်က အကျအဆုံးရှိနိုင်ကြောင်းလည်း ဒေသခံများပြောဆိုသည်။

တောင်နီးကျေးရွာသည် မိုးညှင်ခရိုင်ထဲက ကျေးရွာတစ်ခုဖြစ်ပြီး မတ်လ ၈ရက်နေ့ နံနက်ပိုင်းကလည်း မိုးညှင်းတက္ကသိုလ်တွင် တပ်စွဲထားသည့် စစ်ကောင်စီကို KIAနှင့် PDF တို့ကသွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုရှိခဲ့ကြောင်းသိရသည်။

Show More

Related Articles

Back to top button