Covid-19 Reportingအမြင်

Covid-19 တတိယလှိုင်း မပေါ့သင့်၊ မိမိကိုယ်တိုင်ကျန်းမာမှ လိုအပ်နေသူများကို ကူညီနိုင်မည်

အာဏာသိမ်းစစ်ကောင်စီကို ပြည်သူများ ခုခံနေရချိန်တွင် Covid-19 တတိယလှိုင်းသည် နောက်ထပ် ဝန်ထုတ် ဝန်ပိုး တစ်ခုဖြစ်လာသည်။

ယခုတတိယလှိုင်းတွင် ကိုဗစ်-၁၉ ရောဂါပိုးသည် ကူးစက်ရန် ပိုမိုမြန်ဆန်ပြီး သေဆုံးမှုနှုန်းများနေသည်မှာ အန္ဒိယနိုင်ငံ အဖြစ်အပျက်နှင့် အနီးစပ်ဆုံး စစ်ကိုင်းတိုင်း ကလေးမြို့ အဖြစ်အပျက်မှ တဆင့် တွေ့မြင်နိုင်မည်ဖြစ်သည်။ ကလေးမြို့တွင် ကူးစက်သူမြင့်တက်နေပြီး နေ့စဉ် လူဦးရေ ၂၀ ကျော် ပုံမှန်သေဆုံးနေသည်ကို တွေ့နေရသည်။

အာဏာရှင်အောက်တွင် အလုပ်မလုပ်လိုသော ကျန်းမာရေးဝန်ထမ်းအများစုမှာ CDM ပြုလုပ်နေဆဲဖြစ်သောကြောင့် ပြည်သူများအနေဖြင့် မိမိကိုယ်ကို ရောဂါကာကွယ်အောင် နေထိုင်ရန်နှင့် ကူးစက်မှုဒဏ်ကို ခံနိုင်ရန်အတွက် ကိုယ်ခံအားကောင်းအောင်စားသောက်ရန် ပရဟိတလူမှုကူညီရေးအဖွဲ့များက တိုက်တွန်းပြောဆိုနေကြသည်။

ကချင်ပြည်နယ်တွင် ရောဂါကူးစက်ခံရသူ စာရင်းအတိအကျမရှိသော်လည်း ထောင်ဂဏန်းရှိပြီဟု သုံးသပ်နိုင်ပါသည်။ မြို့နယ်အလိုက် ကူးစက်ခံရသူ ရာဂဏန်းရှိလာကြောင်း ပရဟိတအဖွဲ့များထံမှ သိရပါသည်။ ထို့အပြင် အနံပျောက်သွားကြောင်း သတိထားမိသဖြင့် မိမိကိုယ်ကို နေအိမ်တွင် ကုသနေသူများလည်း အမြောက်အများရှိနေသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ယာယီ သမ္မတ ဒူလရှီးလ ဇူလိုင် ၉ ရက်ည ပြည်သူများထံ ညွန်ကြားသော Covid-19 ကာကွယ်ရေး လမ်းညွန်ချက်တွင် နှာခေါင်းပါးစပ်ကို လုံခြုံအောင် ပိတ်နိုင်သော MASK တပ်ရန်နှင့် လက်ကို စနစ်တကျ မကြာခဏ ဆေးကြောရန် ပြောဆိုခဲ့ပါတယ်။

အရေးကြီးဆုံးမှာ mask ကို လုံခြုံစွာ တပ်ဆင်ရန်၊ လက်ကို စနစ်တကျ ဆေးကြောရန်နှင့် ကိုယ်က နေမကောင်းဘူးလို့ ခံစားရပါက အခြားသူများနှင့် ခပ်ခွာခွာ နေထိုင်ရန် အရေးကြီးကြောင်း NUG ကျန်းမာရေးဌာန ကလည်း တိုက်တွန်းထားပါတယ်။

အနည်းဆုံး နှစ်လွှာပါသော Mask ကို မတပ်မှီ လက်ဆေးရန်၊ နှာခေါင်းနှင့် ပါးစပ်ကို လုံခြုံအောင်တပ်ရန်၊ ပြီးရင် အဖုံးပါသော အမှုက်ပုံးသို့ သေချာ လွင့်ပစ်ရန်နှင့် လက်ကို သေချာစွာ ပြန်လည်ဆေးကြောရန်တို့ဖြစ်ပါသည်။

လက်ဆေးရာတွင် လက်ချောင်းများနှင့် လက်ဖမိုး နှစ်ဖက်ကို ဆပ်ပြာဖြင့်  အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် ပွတ်တိုက် ဆေးကြောပေးရန်ဖြစ်သည်။

မိမိတွင် ဖျားနား၊ ချောင်းဆိုး ၊ မောပန်း စသည့် လက္ခာများခံစားလာရပါက အခြားသူများနှင့် ခပ်ခွာခွာနေထိုင်သင့်ပြီး ခုခံအားကောင်း စားသောက်ပြီး အနားယူသင့်ပါသည်။

မိမိကိုယ်တိုင် ကျန်းမာနေမှသာ အကူညီလိုအပ်နေသော ပြည်သူများကို ကူညီနိုင်မည်ဖြစ်သည်။ ထိုမှသာ ကျန်းမာပြီး အရေးတော်ပုံ ဟူသမျှလည်း အောင်မြင်မည်ဖြစ်ပါသည်။

Show More

Related Articles

Back to top button